အီဂျစ်နိုင်ငံစူအက်တူးမြောင်းမှ ဖြတ်သန်းသောကွန်တိန်နာသင်္သောကြီးများအား ဖြတ်သန်းခ ၁၅ ရာခိုင်နှုန်း လျှော့ချပေးမည်

Powered by Drupal

          ပင်လယ်နီအတွင်းလုံခြုံ‌ရေးအခြေအနေများ ကောင်းမွန်လာစေရန်အတွက် အဓိက သင်္ဘောလိုင်းများ ‌ရေလမ်းသို့ ပြန်လည်‌ရောက်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် မေလ ၁၅ ရက်နေ့က စတင်ကာ ကွန်တိန်နာ သ‌င်္ဘောကြီးများအတွက် ဖြတ်သန်းခ ၁၅ ရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း စူအက်တူးမြောင်းအာဏာပိုင် (SCA) က မေလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။ SCA ဥက္ကဌ Osama Rabie က လျှော့‌စျေးသည် ကုန်ပစ္စည်းများသယ်ဆောင်သည်ဖြစ်စေ၊ မသယ်ဆောင်သည်ဖြစ်စေ အသားတင်တန်ချိန် ၁၃၀၀၀၀ နှင့် အထက်ရှိသော ကွန်တိန်နာအားလုံး အကျုံးဝင်ပြီး ၎င်းသည် ရက် ၉၀ အထိလျှော့ချထားမည်ဖြစ်သည်။ ပင်လယ်နီရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာအရှိန်အဟုန်ဖြင့် ပြောင်းလဲလာသော လက်ရှိစိန်ခေါ်မှုများအားလိုက်လျောညီထွေတုံ့ပြန်နိုင်ရန် အာဏာပိုင်များ၏ ဆက်လက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း SCA အကြီးအကဲမှ ပြောကြားခဲ့သည်။ စူအက်တူးမြောင်းသည် အီဂျစ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံတကာကုန်သွယ်မှုအတွက် အရေးကြီးသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းခန့်သည် အဆိုပါ စူအက်ရေလမ်းကြောင်းမှ ဖြတ်သန်းသွားလာနေကြခြင်းဖြစ်သည်။ သို့သော်လည်း ဒေသတွင်း တင်းမာမှုများ၊ အထူးသဖြင့် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် တူးမြောင်းဘက်မှ ဖြတ်သန်းမှုမှာ သိသိသာသာ ကျဆင်းလာခဲ့ရသည်။ ၂၀၂၅ ဧပြီလလယ် Rabie မှ အစီအရင်ခံစာအရ ၂၀၂၄ စူအက်တူးမြောင်း၏ ဝင်ငွေသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်‌ဒေါ်လာ ၁၀.၂၅၀ ဘီလီယံမှ ၃.၉၉၁ ဘီလီယံသို့ ၆၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။

Source : Xinhua                                                                                 DOCA(ရန်ကုန်)