ပို့ကုန်ဈေးကွက်သစ်များရှာဖွေရန် စီးပွားရေးလုပ်ငန်းများအားတိုက်တွန်း

Powered by Drupal

         ဇူလိုင်လတွင် အသက်ဝင်မည့် အမေရိကန်၏ကုန်သွယ်ရေးမူဝါဒသည် ကုန်သွယ်ရေး စွန့်စားရမှုများမြင့်တက်လာနိုင်သောကြောင့် ထိုင်းလုပ်ငန်းရှင်များသည် ပို့ကုန်ဈေးကွက်သစ်များ စတင်ရှာဖွေသင့်ကြောင်း Industrial estate developer ဖြစ်သည့် Amata Corporation Plc ၏ ဥက္ကဌနှင့် ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်သူ Vikrom Kromadit က ပြောကြားခဲ့ပါ သည်။ ထရမ့် သည် ထိုင်းပို့ကုန်များအပေါ် အကောက်ခွန် ၃၆ ရာခိုင်နှုန်းချမှတ်ထားသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးမညီမျှမှုအပေါ် ဖြေရှင်းရန်အတွက် ညှိနှိုင်းဆွေးနွေးရန် ရက် ၉၀ ဆိုင်းငံ့ထား ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ကုန်သွယ်ရေးပိုငွေ ပြမှုသည် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် အများဆုံး ဖြစ်ကြောင်း သိရပါသည်။ Mr Vikrom ကပြည်တွင်း ကုန်ထုတ်လုပ်သူ များသည် ၃ လဆိုင်းငံထား သည့် အခွင့်အလမ်းကိုရယူကာ ဈေးကွက်အခွင့်အလမ်းသစ်များ ရှာဖွေသင့်ကြောင်းနှင့် ထိုင်းပို့ကုန်များသည် အဓိကအားဖြင့် အမေရိကန်၊ ဥရောပနှင့် ဂျပန်သို့ တင်ပို့လျှက်ရှိပြီး ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် တရုတ်နှင့် အရှေ့တောင်အာရှသို့ ပိုမိုရောင်းချသင့်ကြောင်း ပြောကြားခဲ့ပါသည်။ Amata industrial estates ထံမှ တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း ခန့်သည် အမေရိကသို့ ဖြစ်ပြီး ဥရောပနှင့် ဂျပန်တို့သို့လည်း တူညီသည့်ပမာဏတင်ပို့ကြောင်း သိရပါသည်။ သို့သော် ထိုဈေးကွက်များတွင် စီးပွားရေးနှေးကွေးမှုကြောင့် ထိုင်းနိုင်ငံ၏ တင်ပို့သည့်ပမာဏနှင့်တန်ဖိုး ကျဆင်းလျှက်ရှိကြောင်း သိရပါသည်။ အခြားဈေးကွက်များသို့ တင်ပို့မှု မြှင့်တင်ခြင်းနှင့် ဆန်းသစ် တီထွင်သည့်ထုတ်ကုန်များဖြင့် ဝယ်ယူသူများကို ဆွဲဆောင်ခြင်းသည် အမေရိကန်အကောက်ခွန်များ၏ သက်ရောက်မှုကိုလျှော့ပါးစေနိုင်ကြောင်း Mr Vikrom က ပြောကြားခဲ့ပါသည်။ ထို့ပြင် Mr Vikrom က ချောင်ဘူရီနှင့် ရယောင် တို့ရှိ Amata ၏ industrial estate များမှ ကုန်ထုတ်လုပ်သူ ၁၄၀၀ ကျော်သည် ၎င်းတို့၏ထုတ်ကုန် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့တင်ပို့ပြီး လက်ကျန် ၂၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းတွင်ရောင်းချကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အစောပိုင်း ကာလက ၎င်းတို့သည် ကုန်သွယ်ရေးစစ်ပွဲကြောင့်  တရုတ်ထံမှ‌ရွှေ့ပြောင်းလာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လာအိုမြောက်ပိုင်းရှိ Oudomxay တွင် industrial estate သစ် တည်ဆောက်ရန်ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါ သည်။

DOCA (ရန်ကုန်)