
ဟွန်ဒါဗီယက်နမ်က ဧပြီလတွင် ၎င်းတို့၏ မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချရမှု သည် ၂၀၂၄ ခုနှစ် ဧပြီလထက် ၆.၉ ရာခိုင်နှုန်းနှင့် ၁၈.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း မေလ ၁၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ ကုမ္ပဏီ၏အဆိုအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမ ဆုံးလဖြစ်သည့် ဧပြီလတွင် မော်တော်ဆိုင်ကယ်အစီးရေ ၁၇၀၉၈၆ စီးရောင်းချခဲ့ရကြောင်း သိရပါသည်။ ထိုအချက်သည် ဈေးကွက်မသေချာမရေရာမှုများရှိနေသော်လည်း မော်တော် ဆိုင်ကယ်သုံးစွဲမှုဆက်လက်တည်ငြိမ်နေသည့် အပေါင်းလက္ခဏာဆောင်သည်ကို ပြသနေ ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချရမှုအပြင် ဟွန်ဒါဗီယက်နမ်သည် မော်တော်ဆိုင်ကယ် အစီးရေ ၁၇၉၅၃ စီးကို ပြည်ပသို့တင်ပို့ခဲ့ပြီး ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာတည်ရှိမှုကို ဆက်လက် တိုးချဲ့နိုင်ခဲ့ကြောင်း သိရပါသည်။ မော်တော်ကားကဏ္ဍတွင် ၎င်းတို့သည် ဧပြီလတွင် အစီးရေ ၂၁၄၂ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ် ဧပြီလထက် ၁၈.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုရလဒ်သည် ပြည်တွင်းကားဈေးကွက်အားကောင်းစွာနာလံထူလာမှု၊ ထုတ်ကုန်၏ စွမ်းဆောင်ရည်နှင့် ကုမ္ပဏီ၏ဈေးကွက်မဟာဗျူဟာရလဒ်ကိုပြသနေကြောင်း သိရပါသည်။
DOCA (ရန်ကုန်)