
ပူပြင်းတဲ့ရာသီဥတုမှာ ပန်ကာလေခံပြီး အိပ်တဲ့သူတွေရှိကြပါသလား၊ ပန်ကာလေခံပြီး တညလုံးအိပ်ရင်လေဖြတ်စေတတ်လားဆိုတာ ကျန်းမာရေးအသိပေးစာစောင်မှ သိရှိသမျှကို ကျန်းမာရေး ဗဟုတရရှိအောင် ရေးသားတင်ပြလိုက်ပါသည်။
ပန်ကာလေကို တညလုံးဖွင့်အိပ်တက်သူများ မနက်မိုးလင်းလာတဲ့ အခါမှာ လေဖြတ်သွားတယ် ၊ ဦးနှောက်သွေးကျောပေါက်သွားတယ်၊ တစ်ချိုဆိုရင် လေမဖြတ်ဖူးဆိုတောင်မှ အိပ်ရာနိူးလာတဲ့အချိန် ကိုယ်တွေ လက်တွေ လေးလံထိုင်းမှိုင်းပြီး တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး နိုးထလာတယ်ဆိုတဲ့ ဒီလိုမျိုးသတင်းတွေက ကြားဖူးကြမှာပါ။
ကောင်းကျိုးဆိုးကျိုး ရှိစေခြင်း
ပူလို့ ညဘက်မှာ ပန်ကာဖွင့်အိပ်ရင်လေဖြစ်စေတာတကယ်ပဲလား သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုကို အခြေခံပြီးတော့ လှေနံထားထစ်မှတ်ရာကနေ အရိုးစွဲလာတဲ့ အယူအဆများလား ဆိုတာတွေကို ရှင်းလင်းအောင် ကျန်းမာရေးရှု့ထောင့်အရ ကောင်းကျိုး၊ ဆိုးကျိုးများ သိသင့်တယ်လို့ ထင်မြင်ယူဆပါသည်။ ကျန်းမာရေးလေ့လာချက်များအရ ညဘက်ပန်ကာဖွင့်အိပ်ခြင်းက ကောင်းကျိုးရှိသလို ဆိုးကျိုးရှိကြောင်း သိရသည်။ ကောင်းကျိုးက ဘာလဲဆိုရင် နံပါတ် ၁အချက်က ပန်ကာဖွင့်အိပ်စက်ခြင်းကြောင့် အခန်းအပူချိန်ကိုလျော့ကျစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါသည်။ ဒုတိယအချက်အရ အခန်းတွင်း ပန်ကာဖွင့်အိပ်ခြင်းက ပန်ကာလည်တဲ့အသံ whitr noise အသံကြောင့် (ပျော့ပြောင်းညင်သာတဲ့ ဆူညံသံ)ကို နားထောင်ပြီး အိပခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ နောက်ထပ်ကောင်းကျိုးတစ်ခုက အခန်းထဲက အနံ့အသက်ဆိုးတွေကို အပြင်ထွက်အောင် အထောက်အကူဖြစ်စေပါသည်။ နောက်ထပ်ကောင်းကျိုးတစ်ခုက အခန်းထဲ ပန်ကာဖွင့်ထားခြင်းက မွေးကင်းစကလေး ရုတ်တရက် အသက်ဆုံးရှုံးနိုင်ချေလျော့ကျစေတယ်လို့ဆိုပါတယ်။ ၎င်းအချက်များသည် ပန်ကာလေခံခြင်း၏ ကောင်းကျိုးဖြစ်ပါသည်။
ဆိုးကျိုးများ
ဆိုးကျိုးများမှာ ပန်ကာဖွင့် အိပ်စက်ခြင်းက ပန်ကာမှ ထွက်သောလေသည် ကျွန်တော်တို့၏ ပါးစပ်၊ လည်ချောင်း၊ နှာခေါင်းတို့ ကို ခြောက်သွေ့စေလို့ ခြောက်သွေလာပါက ခန္ဓာကိုယ်ကတုန့်ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်ရဲ့ အညှိအချွဲတွေကို ပိုပြီးထုတ်သောကြောင့်လည်ချောင်းနာတာတို့၊ နှာခေါင်းပိတ်တာတို့ ထိပ်ကပ်နာရောဂါကို ပိုဆိုးစေပါသည်။ ထိပ်ကပ်နာရောဂါမှ တဆင့် ခေါင်းကိုက်ရောဂါပိုဆိုးစေပါသည်။ ပန်ကာဖွင့်ထားခြင်းက အခန်းထဲမှာရှိတဲ့ဖုန်တွေသဲတွေကို လေထဲလွင့်လာစေပြီး အသက်ရှုလမ်းကြောင်း နှာခေါင်းထဲကိုဝင်သွားစေသည်။ ထိုမှ တဆင့် ဓါတ်မတည့်တဲ့ ဖြစ်စဉ်တွေကိုပိုဆိုးစေသည်။ နောက်တစ်ချက်က မျက်လုံးတို့၊ အရည်ပြားတို့ကို ခြောက်သွေစေသည်၊ ကြွက်သာနာခြင်း၊ ကြွက်တက်စေခြင်းတွေကို ဖြစ်စေသည့် အကြောင်းအရင်းတွေဖြစ်သည်။
ညဘက်ပန်ကာဖွင့်အိပ်ရင် လေဖြတ်စေတာ တကယ်လား
ဒီအကြောင်းအရာကိုသိဖို့အတွက် လေဖြတ်တဲ့ ဖြစ်စဉ်နဲ့ ပန်ကာဖွင့်အိပ်တဲ့ ဖြစ်စဉ် နှစ်ခုကဆက်စပ်မှု ရှိ/မရှိလား အရင်သိဖို့လိုပါသည်။ လေဖြတ်စေတဲ့အကြောင်းအရင်းက လေ့လာတွေရှိချက်အရ အခြေခံအားဖြင့် နှစ်ခု ရှိပါသည်။ ပထမအချက်က ဦးနှောက်သွေးကျောပိတ်ပြီးလေဖြတ်စေတာ၊ ဦးနှောက်သွေးကျောပေါက်ပြီး လေဖြတ်စေတာ ဒီလိုဖြစ်စေတဲ့အကြောင်းတွေက ရောဂါအခံ ရှိခြင်းကြောင့် ၎င်းတို့မှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီများခြင်း၊ ဆေးလိပ်သောခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ လှုပ်ရှားမှုနည်းဖြင်း မွေးရာပါဦးနှောက်သွေးကြောထုံးခြင်း တို့ဟာ ဦးနှောက်သွေးကျောပေါက်ခြင်း၊ ဦးနှောက်သွေး ကြောပိတ်ခြင်း ကိုဖြစ်စေပြီး လေဖြတ်စေတဲ့အကြောင်းအရင်းဖြစ်သည်ဟု သိရသည်။
လူတော်တော်များများထင်တာက ပန်ကာလေကို ခံပါများလိုရျိရင် အအေးဓါတ်လွန်ကဲလာပြီး လေဖြတ်စေတယ်ဆိုပြီး ယူဆကြတာဖြစ်ပါသည်။ တကယ်တမ်းတော့လေကြောင့်မို့ ထွက်လာတဲ့အအေးဓါတ်က ရှုတ်တရက်ချက်ခြင်း လေဖြတ်ရလောက်တဲ့အထိ မဖြစ်နိုင်စေပါ၊၊ သိပ္ပံနည်းကျ လေ့လာချက်များအရ လေဖြတ်စေတဲ့ အကြောင်းအရင်းထဲမှာ ပန်ကာလေခံလို့ လေဖြတ်စေတယ်ဆိုတဲ့ တွေ့ရျိချက်တွေ ယနေ့အချိန်ထိ မရှိသေကြောင်း သိရသည်၊၊ တစ်ချို့လူတွေဟာ ညဘက်မှာ ပန်းကာလေ တစ်ညလုံခံပြီး အိပ်လိုက်ပြီဆိုရင် မနက်မိုးလင်းလာပါက ခန္ဓာကိုယ် တစ်ကိုယ်လုံး နာကြင်ကိုက်ခဲ၊ လေးလံထိုင်းမှိုင်း လေဖြတ်ချင်သလိုဖြစ်တယ်လို့ ပြောကြတာရှိပါသည်။ တကယ်တမ်းတော့ ဒါဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုရင် ပန်ကာက ထွက်လာတဲ့ လေရဲ့ တိုက်ခက်မှုအရှိုန်( Concentrated air flow ) ကြွက်သားများဟာ နာကျင်တာ၊ ကြွက်တက်တာတို့ကို ဖြစ်စေခြင်းဖြစ်ပါသည်။
အရင်တုန်းက ကြားဖူးတဲ့ ပန်ကာလေခံခြင်းကြောင့် လေဖြတ်စေတယ်ဆိုတာဟာ ဘာကြောင့်လဲ
တကယ်လေဖြတ်သွားတဲ့သူတွေမှာ လေခံသည်ဖြစ်စေ၊ လေမခံသည်ဖြစ်စေ သူတို့မှာ ရောဂါအခံတွေ ရှိခြင်းကြောင့်သာ လေဖြတ်ခြင်းဖြစ်ပါသည်။ ရောဂါအခံမရှိပဲ၊ အကြောင်းအရင်းမရှိပဲ ပန်ကာလေခံတာတစ်ခုတည်းနဲ့ လေဖြတ်စေမှာ မဟုတ်ပါဘူး၊၊ တစ်ချိုလူများက နယ်ဘက်မှာဆိုရင် အသက်ကြီးတဲ့အထိ အသက်၆၀အထိ ဆေးခန်းမပြဖူးသောလူများ ရှိကြပါတယ်။ ဆေးလာပြကြသော်လည်း တစ်ချို့ကို သွေပေါင်ချိန်ကြည့်ပါက သွေးပေါင် ၂၀၀ကျော်နေကြတာမျိုး ရှိတတ်ပါသည်။ မိမိကိုယ် သွေးတိုးရှိမှန်းမသိကြပဲ သွေးကျဆေးလဲမသောက်ပဲ နေထိုင်သူအချို့ ရှိကြပါသည်။ သွေးပေါင်ချိန် ၂၀၀ကျော်ဖြင့် လက္ခဏာမပြပဲ သွေးတိုးရှိမှန်းမသိကြတာလဲ ဖြစ်နိုင်သည်၊၊ သွေးပေါင်အရမ်းတက်နေတဲ့အချိန် ပန်ကာဖွင့်ပြီး အိပ်မိပါက မနက်မိုးလင်းရင် လေဖြတ်သွားပါက ပန်ကာလေခံခြင်းကြောင့် လေဖြတ်သည်ဟု ထင်မြင်ယူဆကြမှာ ဖြစ်ပါသည်။ သူ့မှာ ရှိသော သွေးတိုးရောဂါအခံကို မသိခြင်းကြောင့် ပန်ကာလေအပြစ်ကြောင့်လို့သာ ရှေးရိုးစွဲအယူ ယူဆမှတ်ယူမှားကာ ပန်ကာလေကြောင့် လေဖြတ်စေတယ်ဆိုတဲ့ ယနေ့အထိ အယူအဆအမှားသာ ဖြစ်ပါသည်။ အနှစ်ချုပ်အရ ပန်ကာလေခံလို့ လေဖြတ်စေတယ်ဆိုတာ (လုံးဝ) မဟုတ်ပါဘူး၊ ပန်ကာလေခံခြင်းနဲ့ လေဖြတ်တာနဲ့က ဆက်စပ်မှု လုံးဝမရှိပါ။ ပန်ကာလေခံပြီး လေဖြတ်သူအချို့ဟာ ရောဂါအခံကြောင့်ရယ် တိုက်ဆိုင်မှု တစ်ခုကြောင့်သာ ဖြစ်ပါသည်၊ မိတ်ဆွေတို့အနေနဲ့ လေမဖြတ်ချင်ဘူးဆိုပါက မိမိမှာရှိတဲ့ ရောဂါအခံကိုသေချာထိန်းထားဖို့ လိုပါသည်။ သွေးတိုးရောဂါရှိပါက သွေးပေါင်ပုံမှန်ချိန်ခြင်း၊ သွေးပေါင်ဆေးကိုပုံမှန်သောက်ခြင်းတို့ဖြင့် ရောဂါကို ဂရုပြုထိန်သိမ်းရန် လိုအပ်သည်။ ဆီးချိုရောဂါရှိပါက ဆီးချိုဆေးသောက်၍ ဆီးချိုအမှတ်ကို ထိန်းထားမည် ဆေးခန်းပြရက်ကို ပုံမှန်ပြပါက လေမဖြတ်အောင် ကာကွယ်ထားပြီးဖြစ်နိုင်ပါကြောင်း သိရှိနိုင်ရန် ကျန်းမာရေးဗဟုသုတအနေဖြင့် တင်ပြလိုက်ရပါသည်။
DOCA(ဧရာဝတီ)