
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ နေ့စဉ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဆောက်လုပ်ရေး ပစ္စည်းများ ဘိလပ်မြေ ဈေးနှုန်းဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊လက်ပံ တန်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်း မှန်ကန် စွာ ရောင်းချခြင်း ရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိရန်ဈေးကွက် စောင့်ကြည့်ခဲ့ပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာ အပါချီ တစ်အိတ်လျှင်(၂၉၀၀၀/)ကျပ်၊Crown တစ်အိတ်လျှင် (၃၂၀၀၀/) ကျပ် ဖြစ်ပြီးလက်ကျန်အနေဖြင့် ရောက်ရှိသည့်နှင့် ပစ္စည်းများပြတ်လပ်သွားကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)