
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် တာဝန်ခံသည် ၃၀.၄.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ညောင်ဦးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းချ စေရေးအတွက် အသိပေးဆွေးနွေးမှုအား မြို့နယ်ရုံးတွင် ကျင်းပပြုခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က အချို့သောနေရာဒေသများ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်း မြှင့်တင်ရောင်းချလျက်ရှိသဖြင့် နိုင်ငံတော်အနေမှ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိ သည့် သတင်းများကို လုပ်ငန်းရှင်များအနေဖြင့် ကြားသိပြီးသူများရှိသလို မကြားမသိသေးသူများ လည်းရှိနိုင်သည့်အတွက် အဆိုပါညွှန်ကြားသတ်မှတ်ချက်များအား လုပ်ငန်းရှင်များအနေဖြင့် သိရှိ လိုက်နာစေရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ အရောင်း ဆိုင်လုပ်ငန်းရှင်များ အရေးယူဆောင်ရွက်ခံရမှုအခြေအနေများ မဖြစ်ပေါ်စေလိုသည့်အတွက် သတ်မှတ်ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝယ်ယူရသည့်ဈေးနှုန်း၊ သယ်ယူစရိတ်နှင့်ရောင်းချသည့်ဈေးနှုန်းတို့အပေါ် သင့်တင့်သောအမြတ်ဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေလိုပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်မှအခါအား လျော်စွာထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မှုများ ရှိလာမည်ဖြစ်ပါ၍ လုပ်ငန်းရှင်များ သည် နိုင်ငံတော်၏မူဝါဒများနှင့်အညီ လိုက်နာကျင့်သုံးကြရန် လိုအပ်ပါကြောင်းနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်း ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)