စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် (၂.၅. ၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များအား ခေါ်ယူတွေ့ဆုံကြောင်း သိရသည်။ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) က လက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂) ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ အလေးချိန်၊ အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီမှန်ကန်စွာရောင်းချကြရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)