ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း လွှမ်းမိုးရန် ကမ္ဘောဒီးယား-အင်ဒိုနီးရှား ဆွေးနွေး

Powered by Drupal

          ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စီးပွားရေးဖလှယ်မှု၊ ကုန်သွယ်မှု၊ ခရီးသွား လုပ်ငန်းနှင့် လေကြောင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လိုအပ် ကြောင်း ၅-၅-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် အင်ဒိုနီးရှားသမ္မတ Prabowo Subiant တိုတို့ တွေ့ဆုံစဉ် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့သည် ၃၇ နှစ်ကြာ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ကာ စီးပွားရေး ဖလှယ်မှု၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းတို့ ပိုမိုအားကောင်းရန် လိုအပ်ကြောင်း နိုင်ငံများအကြား ကောင်းမွန်သောဆက်ဆံရေးကို ပြန်လည်အမှတ်ရမိကြောင်း Hun Sen က ပြောကြားခဲ့သည်။ အထက်လွှတ်တော်၏ပြောခွင့်ရသူ Chea Thyrith က Hun Sen သည် တွေ့ဆုံစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ကမ္ဘောဒီးယားနိုင်ငံကို ကူညီဆောင်ရွက်ပေးရာတွင် အင်ဒိုနီးရှား၏အခန်းကဏ္ဍကို လေးနက်စွာ ကျေးဇူးတင်ရှိကြောင်း နှင့် ကမ္ဘောဒီးယားနိုင်ငံ၏တိုးတက်မှုသည် အင်ဒိုနီးရှား၏ ထောက်ခံမှုနှင့် ခွဲခြား၍မရနိုင် ကြောင်း အလေးပေးပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ရရှိကြပြီး စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဖလှယ်မှုများတွင် နှစ်ဖက်စလုံးက ဆက်လက်၍ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း Chea Thyrith က ပြောကြားခဲ့သည်။ Prabowo Subiant က ၎င်း၏သမ္မတအဖြစ် ကာလအတွင်း အင်ဒိုနီးရှားသည် စွမ်းအင်လုံခြုံရေးကို အထူးအလေးထားပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်းဖြင့် စွမ်းအင်လုံခြုံရေးကို အရှိန်အဟုန်ပြင်းပြင်းဖြင့် အရှိန်အဟုန် မြှင့်တင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)