
နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။
၂၀၂၅ ခုနှစ် ဧပြီလ ပထမအပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၄၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၃၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၂၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးသလောက် တစ်ပိဿာ (၃၀၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာ ဈေးနှုန်းမှာ (၁၅၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများက ပြောင်းလဲမှုမရှိဘဲ ငါးကြင်း ခြစ်နှင့်ငါးဖယ်ခြစ် ဈေးနှုန်းများကတော့ အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)