
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိဈေးအတွင်းတွင် ရာသီစာ ပိန္နဲသီး အနုများ ရောင်းချလျက်ရှိရာ ပိန္နဲသီးအနု တစ်ပိဿာလျှင်(၆၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပိန္နဲသီးအနုများကို အလုံးလိုက်ဖြင့်လည်းရောင်းသလို လှီးပြီးသား အကွင်းများကိုလည်းတစ်ကွင်း (၅၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။
ပိန္နဲသီးပင်များကို မိသားစုစားသုံးရန်အတွက်သော်လည်းကောင်း၊ ရောင်းချရန်အတွက် သော်လည်းကောင်း မိမိနေအိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပိန္နဲသီးအစံမဝင်ခင်အနုများကို သက်သက်လွတ် ဟင်းအဖြစ်လည်းကောင်း၊ ဆူးပုတ်ကြီးရွက်နှင့်တွဲဖက်၍ လည်းကောင်း၊ အသားနှင့်တွဲဖက်၍လည်းကောင်း စားသုံးသူများအကြိုက် မျိုးစုံပြုလုပ် ချက်စားကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)