မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်း နှင့် ပခုက္ကူကျွန်းဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဗမာ ခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။
ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ(ပထမပတ်)မှစ၍ ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ကျပ်(၁၇၀၀-၁၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်မတ်လ(စတုတ္ထပတ်)တွင် ခရမ်းချဉ် သီး တစ်ပိဿာလျှင် ကျပ်(၅၀၀-၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဆောင်း သီးနှံ ခရမ်းချဉ် စိုက်ပျိုးထားရှိသော စိုက်ခင်းများမှာ ရာသီကုန်ချိန် ရောက်၍ ခရမ်းချဉ်သီး ထွက်ရှိမှု နည်းခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းပြီး ဈေးအနည်းငယ် မြင့်တက်လာကြောင်း၊ မတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၃၀၀-၁၂၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)