
ထားဝယ်မြို့ အိုးလုပ်ဈေးတွင် ပိန္နဲသီးများ လာရောက်ရောင်းချလျက်ရှိပါသည်။ ပိန္နဲသီးအမှည့် ကို အချိုပွဲသစ်သီးအနေဖြင့် စားသုံးကြပြီး ယိုထိုးခြင်း၊ အခြောက်လှန်း၍ ကြော်စားခြင်းဖြင့်လည်း စားသုံး ကြပါသည်။ အသီးနုနုကို အကွင်းလိုက် လှီးပြီး ပြုတ်ကာ ငါးပိရည်နှင့် တို့စား၍ဖြစ်စေ၊ ချဉ်ရည်ဟင်းချက်၍ဖြစ်စေ၊ အသားတစ်မျိုးမျိုးနှင့် ဆီပြန်ချက်စား၍ဖြစ်စေ၊ ပိန္နဲသီးအစေ့ကို ပြုတ်စား၍ဖြစ်စေ၊ ဟင်းချက်စား၍ဖြစ်စေ စားသုံးကြပါသည်။
ပိန္နဲသီးအမာသီးသည် အပျော့သီးထက်ပို၍စားကောင်းသလို ဈေးလည်းကောင်းပါသည်။ ထားဝယ်မြို့ အိုးလုပ်ဈေးတွင် ပိန္နဲသီး(အမာသီး)ကို တစ်လုံးလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချပြီး ခြမ်းထားပြီးသား အခြမ်းငယ် တစ်ခြမ်းလျှင် ၂၅၀၀ကျပ် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)