
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေမှာ ယခုတစ်ပတ် (၃၁-၃-၂၀၂၅) ရက်နေ့မှ (၁-၄-၂၀၂၄) ရက်နေ့အထိ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခဲ့ကြောင်း သိရှိရပြီး ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ရန်ကုန်မှ ပစ္စည်းအဝင်နည်းပါးသဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချကြပြီး ရန်ကုန်အဝင်ဈေးနှုန်းပေါ် မူတည်၍ ဈေးနှုန်းများ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။
ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Alpha အမျိုးအစား ဘိလပ်မြေမှာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်အိတ်လျှင် ၂၅၀၀၀ကျပ်မှ ၁-၄-၂၀၂၅ ရက်နေ့ဈေးမှာ ၂၆၀၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး ကွာဟချက် ၁၀၀၀ကျပ် မြင့်တက်လာခဲ့ပါသည်။ Apache ယခင်ဈေး ၂၄၀၀၀ကျပ်မှ ယခုဈေ’ ၂၅၀၀၀ကျပ် ငွေကျပ် ၁၀၀၀ကျပ် မြှင့်တက်၊ ယခင် ဆင်မင်းဈေး ၂၇၀၀၀ကျပ် ယခုဈေး ၂၇၅၀၀၀ကျပ် ဖြစ်၍ ၅၀၀ကျပ် မြင့်တက်လာကြောင်း ဈေးကွက်အတွင်း ရောင်းချဆိုင်များမှ ကွင်းဆင်းချက်အရ သိရသည်။
DOCA(ဧရာဝတီ)