
ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ်သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသား တစ်မျိုးမျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက် စားသုံးခြင်းနှင့် တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ် အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံးဝယ်ယူစားသုံး၍ရရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ပုသိမ်မြို့အတွင်းရှိဈေးကွက်များတွင် ဂေါ်ဖီထုပ်ရောင်းချသော ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)