ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မျှစ်ချို ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ပေါ၍ဈေးချိုချိန်တွင် မျှစ်ချဉ်/မျှစ်ချိုတို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ယခုလို ရှားပါးသော ရာသီများတွင် ဒေသထွက် မျှစ်ချိုကို ရောင်းချကြပါသည်။

      မျှစ်ချိုကိုတော့ ချည်ပေါင်ရွက်၊ ငရုပ်သီးစိမ်း၊ ပုဇွန်တို့နှင့်ရောကြော်ခြင်း၊ မျှစ်ချိုကို စားတော်ပဲ ပြုတ်နှင့်ကြော်ခြင်း၊ မျှစ်ချိုကို ကြက်ဟင်းခါးသီးနှင့်ကြော်ခြင်း၊ မျှစ်ချိုကို အချိုချက်စားခြင်း၊ မျှစ်ချိုကို ကန်ဇွန်းရွက်နှင့်‌ကြော်ခြင်းစသည့်ပုံစံအမျိုးမျိုးနှင့်ချက်ပြုတ်စားသောက်ကြပါသည်။

     ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချိုဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချို ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)