စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲ လုံးများကို ဒေသတွင်းအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင် နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မတ်လ၊ စတုတ္ထအပတ် တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၅၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ အဖြူရောင်နှင့် အဝါရောင်နှစ်မျိုးမှာ ရောင်းချရသည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချ မည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)