ရာသီစာသခွားမွှေးသီးစျေးနှုန်းစျေးကွက်

Powered by Drupal

    သစ်သီးစျေးကွက်တွင် မတ်လနောက်ဆုံးပတ်အတွင်း အမရပူ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ မြစ်သား၊စဉ့်ကိုင်နှင့်တံတားဦးမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်းသိရပါတယ်။ သခွားမွှေးသီးမှာပြည်ပသို့ တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧက ကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက်ခံခြင်း၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်း သိရပါတယ်။ သစ်သီး ဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချို စျေး၊ ၂၉လမ်း နှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါ တယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လနောက်ဆုံးပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပူပြင်းသောရာသီဖြစ်သည့် မတ်လနောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်တွင် ရာသီစာ သခွားမွှေးသီးများ ဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)