
မန္တလေးသစ်သီးစျေးကွက်တွင် မတ်လနောက်ဆုံးပတ်အတွင်း ရာသီစာစပျစ်သီးများဝင်ရောက်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံးစိုက်ပျိုးလျက်ရှိပြီး၊အီတလီ No(3)၊ BQ ၊ BK ၊ RG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်းရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း သိရပါတယ်။ စပျစ်သီးအား အသီးအတိုင်း စားသုံးခြင်း၊ အခြောက် ခံခြင်း၊ယိုထိုးခြင်း၊ ဝိုင်၊ ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် စပျစ်သီးခြောက်များထည့်၍ စားသုံးကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ သစ်သီးဝင်ရောက်မှုအနေဖြင့် မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်တွင် ၂၀၂၅ ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုများသည့် စပျစ်သီးစျေး မှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊စပျစ်သီးအချွန်မျိုး ၁၁၀၀ဝ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ နွေဦးရာသီချိန်ရောက်ပြီဖြစ်၍ ရာသီစာစပျစ်သီးများအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)