၂၀၂၄ခုနှစ်တွင် တရုတ်ခရီးသွားဧည့်သည်ဦးရေ အများအပြားလက်ခံခဲ့သည့် Mongolia နိုင်ငံ

Powered by Drupal

     Mongolia နိုင်ငံသည် ၂၀၂၄ခုနှစ်တွင် တရုတ်ခရီးသွားများ အများဆုံးလာရောက်ခဲ့ပြီး စုစု‌ပေါင်း ဧည့်သည် ၂၂၁၂၅၀ ရှိကြောင်း Mongolia ခရီးသွားလုပ်ငန်းအဖွဲ့မှ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

     Mongolia နိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများစုစုပေါင်း၏ ၃၀.၄ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားဧည့်သည်များ ဖြစ်ကြောင်းကို သိရပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အကုန်တွင် ကုန်တွင်းအာရှနိုင်ငံ သို့ လာရောက်လှည့်ပတ်သည့် ခရီးသွားဦးရေ စုစုပေါင်း ၇၂၇၄၀၀ ဦးရှိပြီး ၂၀၂၃ ခုနှစ်အတွင်းရှိ ၆၅၀၀၀၀ ဦးနှင့် နှိုင်းယှဉ်ပါက ၁၁.၉ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို သိရပါသည်။

   ကျွမ်းကျင်သူများ၏ အဆိုအရ တရုတ်ခရီးသွား ဧည့်သည်များသည်  Mongolia နိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် သိသိသာသာ ဆက်လက်ပံ့ပိုးပေးနိုင်ကြောင်းသိရပါသည်။

     တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း Mongolia နိုင်ငံသို့ ခရီးသွားအများဆုံး လာရောက်လည်ပတ်သည့် အဓိက အရင်းအမြစ်တစ်ခုဖြစ်လာပြီး ၎င်း၏နောက်တွင်ရရှားနှင့် တောင်ကိုရီးယားနိုင်ငံများက ရပ်တည်နေကြောင်း အစီရင်ခံစာများမှ ဖော်ပြနေပါတယ်။

     လက်ရှိတွင် မွန်ဂိုလီးယား၏ စီးပွားရေးသည် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ်တွင်        အများဆုံးမှီခို နေရပါသည်။ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးသည် နိုင်ငံ၏စီးပွားရေးကို ကွဲပြားစေသော ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှု အခြေအနေတွင်ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေရန်အတွက် ဦးစားပေးလုပ်ငန်းတစ်ခုဟု ယူဆပါသည်။

    Mongolia ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene ၏ အဆိုအရ Mongolia အစိုးရသည် နိုင်ငံအတွင်း လေးရာသီလုံး ခရီးသွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ၂၀၂၈ ခုနှစ်အထိ "မွန်ဂိုလီးယားသို့ သွားရောက်လည်ပတ်ရန် နှစ်များ" ခရီးသွားလုပ်ငန်းအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်ကို သိရှိရပါသည်။ ထို့အပြင် အဆိုပါ ဝန်ကြီးချုပ်က Mongolia သည်၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ဆောင်ပုဒ်ဖြစ်သော “Go Mongolia” ဟူသောဆောင်ပုဒ်အရ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက်ပံ့ပိုးရန် ခရီးသွားဧည့်သည်များ စုစုပေါင်း ၂ သန်းကျော် လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သိရပါသည်။

Xinhua

DOCA(ရန်ကုန်)