AI ဆိုက်ဘာလုံခြုံရေးအတွက် ယူရို ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည့် EU

Powered by Drupal

     ဥရောပကော်မရှင်သည် (AI)၊ cloud နှင့် data နှင့် ဆိုက်ဘာလုံခြုံရေးတို့ အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာများတွင် ယူရို ၁.၃ ဘီလီယံ   (အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မတ်လ ၂၈ ရက်တွင် ကြေညာခဲ့သည် ကို သိရပါသည်။

    ရန်ပုံငွေသည် ဥရောပသမဂ္ဂ (EU) ၏ ဒစ်ဂျစ်တယ်ဥရောပအစီအစဉ် (DIGITAL) အောက်တွင်ရှိပြီး မဟာဗျူဟာမြောက်နည်းပညာများကို မြှင့်တင်ရန်နှင့် ဥရောပတိုက်၏ နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

  Program ၏အဓိကဦးစားပေးချက်များတွင် မျိုးဆက်သစ် AI applications များ၏ ရရှိနိုင်မှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်ခြင်း၊ ဆိုက်ဘာကြံ့ခိုင်စွမ်း မြှင့်တင်ပေးခြင်းနှင့် ရာသီဥတု လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ပံ့ပိုးပေးရန်အတွက် ကမ္ဘာမြေ၏ အားကောင်းသည့် ဒစ်ဂျစ်တယ်ပုံစံကို တည်ဆောက်ခြင်းတို့ ပါဝင်ပါသည်။

   အဆိုပါ Program သည် ဒစ်ဂျစ်တယ်ပညာရေးနဲ့ လေ့ကျင့်ရေးများကို ကျောထောက် နောက်ခံပြုပြီး အဖွဲ့အစည်းများတွင် အရည်အချင်းများပြုစုပျိုးထောင်ပေးခြင်းနှင့် အဆင့်မြင့် ဒစ်ဂျစ်တယ်စွမ်းရည်များ တည်ဆောက်ပေးခြင်းတို့တွင် ကူညီပေးနိုင်ကြောင်း သိရပါသည်။ DIGITAL သည် ၂၀၂၁ မှ ၂၀၂၇ ခုနှစ်အထိ စုစုပေါင်းဘတ်ဂျက် ယူရို ၈.၁ ဘီလီယံဖြင့် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအပေါ်အပြည့်အဝ အာရုံစိုက်ထားသည့် EU ၏ ပထမဆုံးရန်ပုံငွေ အစီအစဉ်ဖြစ်သည်ကို သိရှိရပါသည်။

Xinhua

DOCA(ရန်ကုန်)