
ရရှားနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံ၏အဓိကကုမ္ပဏီကြီးများသည် ယူကရိန်းနိုင်ငံနှင့် အပစ်အခပ်ရပ်စဲရေးညှိနှိုင်းမှုများကြောင့် စီးပွားရေးပိတ်ဆို့မှုများ လျော့ကျလာသဖြင့် စီးပွားရေး လုပ်ငန်းများပြန်လည်စတင်ရန် ခြေလှမ်းပြင်ဆင်နေပါတယဟု The Korea times မှ မတ်လ ၂၈ ရက်နေ့တွင် အမည်မသိလုပ်ငန်းရှင်များကို ကိုးကား၍ သတင်းဖော်ပြခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ရပ်ဆိုင်းထားခဲ့သော LG Electronics သည် မော်စကိုမြို့အနီးရှိ ၎င်း၏စက်ရုံတွင် လုပ်ငန်းလည်ပတ်မှုကို ပြန်လည်စတင်ခဲ့သည်ကို သိရပါသည်။ TV, အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာများ အဓိကထုတ်သော အဆိုပါ ကုမ္ပဏီသည် ယူကရိန်း ကျူးကျော်မှုပြုလုပ်ပြီးနောက်တွင် ရရှားနိုင်ငံသို့ တင်ပို့ရောင်းချမှု ကို ရပ်ဆိုင်းခဲ့ပါသည်။ LG ကုမ္ပဏီရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Samsung Electronics ကုမ္ပဏီဟာလည်း ရုရှားတွင် ၎င်း၏ စျေးကွက်ရှာဖွေရေးအသုံးစရိတ်ကို ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်း တိုးမြှင့်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် 30% တိုးခဲ့သည် ကို သိရပါသည်။ Hyundai Motor Group သည်လည်း ၎င်း၏ St. Petersburg စက်ရုံအတွက် ပြန်လည်ဝယ်ယူမှုရွေးချယ်ခွင့်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရူဘယ် ၁၀၀၀၀ (ဒေါ်လာ ၁၂၀) ဖြင့် ရောင်းချပေးမည့် ၂၀၂၅ deadline ကို ရင်ဆိုင်နေရသည် ကို သိရပါသည်။ အဆိုပါတောင်ကိုရီးယား ကုမ္ပဏီသုံးခုစလုံးက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ပဏာမအဖြစ် ဆက်လက်တည်ရှိနေပြီး ယူကရိန်းစစ်ပွဲနှင့် ပိတ်ဆို့ အရေးယူမှုများနှင့် အနာဂတ်ဖြစ်ပေါ် တိုးတက်မှုများအပေါ် မူတည်နေကြောင်း အလေးပေး ပြောကြားခဲ့သည်ကိုလည်း သိရှိရပါသည်။
တချိန်တည်းမှာပဲ သမ္မတ Vladimir Putin အပါအဝင် ရုရှားအရာရှိတွေကလည်း ပြန်လာ လိုတဲ့နိုင်ငံခြားစီးပွားရေးတွေကို အကာအကွယ်ပေးရေး အစီအမံတွေကို သတိပေးထားပါတယ်။ Hyundai နှင့် Samsung တို့က စစ်ပြီးခေတ် ရုရှားဈေးကွက်တွင် လည်ပတ်နိုင်ခြေကို အကဲဖြတ် နေကြသည်ဟု LG Electronics အမှုဆောင်အရာရှိချုပ် Cho Jot-wan နှင့် အမည်မဖော်လိုသူ Hyundai အရာရှိတို့က နောက်ဆုံးဆုံးဖြတ်ချက်များ မချမီ အမေရိကန်-ရုရှား စေ့စပ်ညှိနှိုင်း မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားသည် ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယား၏ ၁၂ ခုမြောက် အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ၂၉.၉ ဘီလီယံရရှိခဲ့ပါသည်။
တောင်ကိုရီးယားကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ခွာပြီးကတည်းက တရုတ်ပြိုင်ဖက် ကုမ္ပဏီများသည် ၎င်းတို့၏ တည်ရှိမှုကို သိသိသာသာ ချဲ့ထွင်လာခဲ့ပြီး တရုတ်ကား ထုတ်လုပ်သူ များသည် 2024 ခုနှစ်တွင် ရုရှား၏ကားစျေးကွက်၏ 62% ကို ထိန်းချုပ်ထားသည် ကိုသိရပါတယ်။ သို့ရာတွင် တောင်ကိုရီးယား လုပ်ငန်းစုတစ်ခုမှ တာဝန် ရှိသူတစ်ဦးက “စစ်ပွဲပြီးတာနဲ့လုပ်ငန်းများပြန်စဖို့အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်ကို သိရှိရပါသည်။
The Moscow Times
DOCA(ရန်ကုန်)