ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့သည် ကုန်သွယ်မှု၊ နည်းပညာဆိုင်ရာ ဆက်ဆံရေး ခိုင်မာစေရန် သဘောတူ

Powered by Drupal

      ကမ္ဘောဒီးယားနှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ကြသောကြောင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် နည်းပညာ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ၂၈-၃-၂၀၂၅ ရက်နေ့က သဘောတူညီခဲ့ကြသည်။ သဘောတူညီမှုကို ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ပထမဒုတိယဥက္ကဌနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vanlalvawna Bawitlung တို့ တွေ့ဆုံစဉ်တွင် သဘောတူညီခဲ့ခြင်း  ဖြစ်သည်။ တွေ့ဆုံပွဲအတွင်း သံအမတ်ကြီး Bawitlung က ကမ္ဘောဒီးယားဆိုင်ရာ အိန္ဒိယနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆက်ဆံရေးကို အထူးတန်ဖိုးထားပြီး ကမ္ဘောဒီးယား၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်ပြုခဲ့သည်။ “ကဏ္ဍပေါင်းစုံတွင် သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခြင်းကြောင့် အိန္ဒိယနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်သင့်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့ အထူးသဖြင့် နည်းပညာ နှင့် စက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းများစွာရှိကြောင်း Chantho က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်က ကမ္ဘောဒီးယားသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ပြီး အနာဂတ်တွင် အိန္ဒိယနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပြပွဲများကို ကျင်းပနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)