သီဟိုဠ်စေ့ တန်ချိန် ၄၀၀ ထုတ်လုပ်ရန် ဂျပန်ကုမ္ပဏီ စာချုပ်ချုပ်ဆို

Powered by Drupal

      Kampong Thom ပြည်နယ်ရှိ ခေတ်မီ သီဟိုဠ်စေ့စိုက်ပျိုးရေး အဖွဲ့အစည်း (၃)ခုသည် အမေရိကန်ဒေါ်လာ ၆၅၀,၀၀၀ ခန့်တန်ဖိုးရှိ သီဟိုဠ်စေ့တန်ချိန် ၄၀၀ ထုတ်လုပ်ရန်နှင့် ထောက်ပံ့ရန်အတွက် ဂျပန်ကုမ္ပဏီတစ်ခုနှင့် ၂၇-၃-၂၀၂၅ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ကြသည်။ သီဟိုဠ်စေ့တန်ချိန် ၄၀၀ ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ စာချုပ်ကို Kampong Thom ခရိုင်ရှိ ဂျပန်ကုမ္ပဏီတစ်ခုနှင့် Prasat Sambo Rong Roeung၊ Kampong Thom Sala Visai နှင့် Tamring Kampong Thom ပြည်နယ်တို့အကြား ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအခမ်းအနားကို စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Khim Finan မှ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် Finan မှ အဖွဲ့ဝင် အားလုံးကို မျှော်မှန်းထားသည်ထက်ကျော်လွန်၍ ဈေးနှုန်းအတက်အကျများ၏ စျေးကွက် အန္တရာယ်မှကာကွယ်ရန် ရပ်ရွာများအတွက် ကန်ထရိုက်စိုက်ပျိုးခြင်း၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့သည်။ ဤစာချုပ်သည် သီဟိုဠ်စေ့တန်ချိန် ၄၀၀ ထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၆၅၀,၀၀၀ ခန့်တန်ဖိုးရှိပြီး ရပ်ရွာလူထုက စာချုပ်တစ်ခုလုံးအတွက် ၃၀ ရာခိုင်နှုန်း စပေါ်ငွေရရှိကြောင်း Finan က ပြောသည်။  Finan သည် ရိတ်သိမ်းရာသီကုန်အထိ သီဟိုဠ်စေ့ ရောင်းချမှု စာချုပ်များကို ဆက်လက်ချုပ်ဆိုရန်၊ သီဟိုဠ်စေ့အခြောက်အဖြစ် ရောင်းချရန်နှင့် သီဟိုဠ်စေ့အချို့ကို သိမ်းဆည်းခြင်းအတွက် ထည့်သွင်းစဉ်းစားရန်  စိုက်ပျိုးရေးစက်မှုဦးစီးဌာန နှင့် ရပ်ရွာလူထုကိုယ်တိုင်ကိုလည်း အကြံပြုခဲ့သည်။ Kampong Thom ပြည်နယ်ရှိ ဂျပန်ကုမ္ပဏီ (MIRARTH Agri Tech) ၏ မန်နေဂျာ Naoya Kaneko က ယခုစာချုပ်သည် ခေတ်မီစိုက်ပျိုးရေး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ကုမ္ပဏီ၏ပထမဆုံး စမ်းသပ်မှုဖြစ်နိုင် သော်လည်း ပူးပေါင်းဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားသီဟိုဠ်စေ့ လုပ်ငန်းကိုမြှင့်တင်ရန်ဖြစ်ပြီး ၎င်းသည် သီဟိုဠ်စေ့ထုတ်လုပ်သူများနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ပထမနှစ်တွင် တန်ချိန် ၄၀၀ ဖြင့် စာချုပ်ချုပ်ထားသော်လည်း Kampong Thom ပြည်နယ်မှ ခေတ်မီစိုက်ပျိုးရေးအသိုင်းအဝိုင်း ၃ ခုသာမက တခြားပြည်နယ်များအထိ တိုးချဲ့လုပ်ကိုင်လိုကြောင်း Naoya Kaneko က ထပ်မံပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)