
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များအား (၂၆.၃.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် တားမြစ်ထားသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(ဧရာဝတီ)