ပုသိမ်မြို့၊ Ocean Super Center တွင် ဆန်ဈေးနှုန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆.၃.၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) အချိန်တွင် ကမ်းနားလမ်းရှိ၊ Ocean Super Center သို့ သွားရောက်၍ ဆန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (MRF) မှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန်ဈေးနှုန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)