
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၊ ကွင်းအမှတ် (၆၇၉)၊ တောင်သူဦးမြင့်စိုးပိုင် လယ်မြေ(၂၀) ဧက ပေါ်တွင် စိုက်ပျိုးထားသော Supersun (၄) မျိုး ဆောင်းနေကြာစံပြစိုက်ကွင်းရိတ်သိမ်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
ထိုဆောင်းနေကြာစံပြစိုက်ကွင်းရိတ်သိမ်းပွဲအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ နေကြာသီးနှံအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အတိုင်းစနစ်တကျ စိုက်ပျိုးရန်နှင့် တောင်သူစိတ်ပါဝင်စားရေး၊ အထွက်တိုးရေး၊ ဈေးကွက်ရရှိရေး၊ မြေချဉ်ငံဓာတ်တိုင်းတာရေး စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)