
၂၆.၃.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က ဝန်ဆောင်မှုဆိုင်ရာစားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်း စရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ဖက်ရည်၊ မုန့်များဖြင့်ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က “မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ကျော်ထွန်းက ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကာ အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)