ကျောင်းကုန်းမြို့နယ်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် မြို့ပေါ်ရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

           ထိုသို့ အသိပညာပေးဟောပြောရာတွင် မိမိတို့ရောင်းချသောဆိုင်ရှေ့တွင် ဆိုင်းဘုတ်များပြုလုပ်၍ ရောင်းချသည့်ဈေးနှုူန်း ရရှိသောဆီပိဿာများရေးသား၍ ပွင့်လင်းမြင်သာစွာရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)