Languages

ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

xxx ကင်ဆာအမြစ်ပြတ်ဆေးအား Online ပေါ်တွင် ပြန်လည်ရောင်းချမှုနှင့် ပတ်သက်၍ ထပ်မံတိုင်ကြားလာခြင်းကိစ္စအပေါ် ၇-၁၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်ရှိ xxx တိုင်းရင်း ဆေးဝါးစက်ရုံနှင့် တွဲဖွင့်ထားသော ဆေးခန်းသို့ အသွင်ယူစုံစမ်းရာ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းရီက တာဝန်ယူကုသပေးနိုင်ကြောင်း၊ အဆိုပါဆေးဗူးအမှတ်တံဆိပ်ပေါ်တွင် ဆေးအမည်၊ ပါဝင်သောပစ္စည်းများ၊ သုံးစွဲရန်အညွှန်း၊ တိုင်ရင်းဆေးဝါးထုတ်လုပ်ခွင့်မှတ်ပုံတင်အမှတ်၊ ၃/၂၀၁၃ တဆထလ (တိုး) ၀၈၈၃၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်မပါ၊ Lot No. ၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်သည့်လိပ်စာ၊ ဖုန်းနံပါတ်များ ပါဝင်သည်ဟု စုံစမ်းတွေ့ရှိရ ပါသည်။