ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံဂိတ်တွင် ရန်ကုန်အဝင်ကုန်တင်ယာဉ်များအား စစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက် အရ မှော်ဘီခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီး ငွေတင် ဦးဆောင်၍ အင်အားဦးစီး (၃+၉)ဦး၊ သီတာအေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ ဗိုလ်ကြီးသွင်ဦးလှိုင်  ဦးစီး(၁+၄)ဦး၊ ယာဉ်ထိန်းတပ်ဖွဲ့ရုံး ရဲအုပ်မြင့်နိုင် ဦးစီး(၁+၂)ဦး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး ဦးအောင်တင်စိုး(ခရိုင်ဦးစီးမှူး) ဦးစီး(၁+၃)ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင် ဦးစီး(၁+၁)ဦး၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးနိုင်ရဲသူတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၂.၁.၂၀၂၅ ရက်နေ့ နံနက်(၉:၁၅) နာရီအချိန်မှ (၁၀:၄၀)အချိန်အထိ ထန်းတပင်မြို့နယ်ရှိ သီတာအေးလမ်းဆုံစစ်ဆေးရေးဂိတ်တွင် ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များအား တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ သီတာအေးလမ်းဆုံစစ်ဆေးရေးဂိတ် ပုသိမ်၊ ဝါးခယ်မ၊ ကျုံပျော်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျုံမငေး၊ ဟင်္သာတ၊ ဖျာပုံ၊ မော်ကျွန်းတို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ် များတွင် ခရီးသည်၊ ဆန်ကွဲ၊ သစ်ပါးလွှာ၊ ဖွဲနု၊ ဖျာ၊ ဆား၊ ငါးခြောက်၊ မွေ့ယာ၊ ကုန်မဲ့ကားများ အများဆုံးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များ လူ၊ လက်နက်များ ဝင်ရောက်မှု မရှိကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)