Sandar Myaing Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက် အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများ ပူးပေါင်း၍ 2၂.1.202၅ ရက်နေ့၊ နေ့လည် (1၂:00) နာရီတွင်  အမှတ် (၂၉၇), မာလာမြိုင်လမ်း ၊ သာကေတစက်မှုဇုန်ရှိ Sandar Myaing Co., Ltd မှ  ဒေါက်တာဦး‌‌ဇေယျာဝင်းနှင့် တွေ့ဆုံ ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေး မြန်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။

ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှဆီးချိုကျဆေး၊ အကိုက်ခဲပျောက်ဆေး၊ အစာကြေ ဆေး ၊ ယားနာပျောက်ဆေး(လိမ်းဆေး)¸၊ပိုးသတ်ဆေး(ထိုးဆေး)၊ ကလေးအားဆေး၊ စသည့်တို့ကို နိုင်ငံခြားဆေး ကုမ္ပဏီ(၁၀)ခုမှ ဝယ်ယူရောင်းချပြီး၊ ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်းဆေးဝါး ပြတ်လပ်မှုမရှိကြောင်း သိရှိရပြီး ဆေးဝါးများသိုလှောင်ထားခြင်း မပြုကြရန်ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ရန်ကုန်)