သုံးစွဲရန်မသင့်သည့် ဆေးဝါးပစ္စည်းများ ပြန်လည်သိမ်းဆည်းကာ မီးရှို့ဖျက်ဆီး

Powered by Drupal

           ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ‌ ဆေးဆိုင်များသို့ ဆေးဝါးများအဓိက ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသော ဆေးဝါးကုမ္မဏီတစ်ခုဖြစ်သည့် AA  Medical Products Co.,Ltd (လားရှိုးရုံးခွဲ)မှ တာဝန်ရှိသူများသည်  စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရက်လွန်ဆေးဝါးများနှင့် ပျက်စီးဆေးဝါးများအား ၂၀၂၂ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ညနေ(၃း၀၀)ခန့် အချိန်တွင် လားရှိုးမြို့၊ စည်ပင်သာယာအမှိုက်ပုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

          AA Medical Products Co.,Ltd အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းတွင်လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်းနှင့်မိုင်ရယ်မြို့ကြီးများရှိ ဆေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ  ဆေးဆိုင်ပေါင်း(၂၀၀)ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ကုမ္မဏီအနေဖြင့် ၎င်းတို့ဖြန့်ဖြူးရောင်းချပေးထားသည့် ဆေးဝါးများအား ကုမ္မဏီမှစီစစ်၍ ပြန်လည်သိမ်းဆည်းထားခဲ့ပြီး  ယခုကဲ့သို့သက်ဆိုင်သည့် ဌာနများနှင့်ပူးပေါင်း၍ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။  ဖျက်ဆီးခဲ့သည့် ဆေးဝါးအမျိုးအစားပေါင်း (၉၀)မျိုးခန့်ရှိပြီး ခန့်မှန်းတန်ဖိုးငွေ (၁၃297922.68) ကျပ်နှင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရပါသည်။    

DOCA(ရှမ်း)