တောင်ငူမြို့တွင် ငါးများဈေးတက်

Powered by Drupal

        တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ငါးဆိုင်များတွင် ငါးမြစ်ချင်းမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

          ငါးကြင်းဖြူဈေးမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

         ငါးတန်ဈေးမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

        ငါးခူဈေးမှာ အကောင်အကြီးအသေးပေါ်မူတည်၍ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)