“ တွံတေးမြိုနယ်၌ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် တွံတေးမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖာ်ပြချက် ပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်ဗိုလ်ချုပ်လမ်း၊ ဈေးသစ်ရပ်ကွက်ရှိ မမော်ကုန်စုံဆိုင်နှင့် မေသူကုန်စုံဆိုင်တို့၌ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်  စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)