“ သုံးခွမြို့နယ်၌ စားသုံးဆီ အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

သုံးခွမြို့နယ်၊ မေလ (၉) ရက်

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဗူးဆီ) ရောင်းချလျှက်ရှိသောဈေးဆိုင်များသို့ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အားဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း၌ ကုန်ခြောက်၊ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပြည့်စုံမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှညွှန်းကြားထားသောအချက်များ၊ အရည်အသွေး စံချိန် စံညွှန်းကိုက်ညီမှုမရှိသော စားသုံးဆီအမျိုးမျိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ခွင့်ပြုချက်မပါရှိသော သက်တမ်းကုန်ဆုံးနေသောစားသုံးဆီအမျိုးမျိုးအပါအဝင် အခြားသောစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြစေရန်နှင့်စားသုံး သူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအား အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။