“ သုံးခွမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

သုံးခွမြို့နယ်၊ မေလ (၁၀) ရက်

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချလျှက်ရှိသောဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့်ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မေလ(၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များရှိ ကုန်မျိုးစုံဆိုင်များမှရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး တွဲလျှက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များတွင် ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးအပါအဝင် ဘေးအန္တရာယ်ရှိကုန်စည်များရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်မှုအားစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)