ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများအား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ငပုတောမြို့နယ်၊ မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးစုံစမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)