ကန့်ဘလူခရိုင်၏ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အညီ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ “ပေါ်ဦး” သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂-၄-၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ရှိန်းရှိန်း”မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း ၊ (၂၃-၄-၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စားရေး)တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ယောနသန်” သောက်ရေသန့်လုပ်ငန်းရှင်နှင့်တို့နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းများအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြအတည်ပြုချက်ရယူပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြထားကြာင်းစိစစ်တွေ့ရှိရပြီး၊ အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)