စားသုံးသူများအတွက် ကုန်စည်များအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် စားသုံးသူပြည်သူများ ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံမှုရရှိစေရေးအတွက်ရည်ရွယ်၍ သရက်မြို့၊ ပြည်တော်‌အေးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ (၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန်နှင့် ကုန်အညွှန်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချစေရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန်၊ ကုန်စည်များတွင်လည်း ကုန်ဆုံးရက်စွဲများကို သတိပြုရောင်းချစေလိုကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ရောင်းချနေသည့် ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)