မကွေးမြို့‌ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၁၀-၄-၂၀၂၄)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော ဆေးဝါးများ၊ တရားမဝင်တင်သွင်းလာသောဆေးဝါးများနှင့် သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံက ဆေးဆိုင်များရှိ အရောင်းဝန်ထမ်းများအား မိမိတို့တာဝန်ယူရောင်းချရသည့် ကောင်တာအလိုက် သက်တမ်းလွန်ဆေးဝါးများမရှိစေရေး အမြဲတမ်းစစ်ဆေးရန်၊ သင်္ကြန်ကာလအတွင်း ဆေးဆိုင်များမပိတ်ရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)