ပြည်နယ်ဦးစီးမှူးသည် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၁၁-၄-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ရွှေငါး” အမှတ်တံဆိပ် သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မြေဩဇာလုပ်ငန်းရှင်အား အသုံးပြုသည့်ကုန်ကြမ်းအမျိုးအစား၊ ထုတ်လုပ်နိုင်သည့်အရေအတွက်၊ ဈေးနှုန်း၊ ဈေးကွက်၊ ဖြန့်ဖြူးမှုအခြေအနေများကိုမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ကုန်ကြမ်းအနေဖြင့် မြေဆွေး၊ ကယ်လစီယမ်ကာဗွန်နိတ်(ထုံးကျောက်)၊ ငါးခြောက်မှုန့်များကိုအသုံးပြုကြောင်း၊ ကုန်ကြမ်းများကို သံဖြူဇရပ်မှဝယ်ယူရရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် ၅၀ကီလိုဂရမ်ရှိသည့် အိတ်ရေ (၆၀၀၀) ထုတ်လုပ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်ဖြင့် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)