စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူးရုံးတွင် “အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့် သင်ပြနည်းဆင့်ပွားသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာ ပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံးတွင်   Video Conferencing ကျင်းပပြုလုပ်သည့် “အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့်သင်ပြနည်း ဆင့်ပွားသင်တန်း" ၌ ဆရာ/ဆရာမစုစုပေါင်း (၆၈၉) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

   အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူများ အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အာမခံပေးရမည့်အချက်များ၊ ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာထည့်သွင်းဖော်ပြကြရန်နှင့် စားသုံးသူများကလည်း ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင်   ကုန်အညွှန်းအမှတ်အသားများကို အလေးထားကြည့်ရှုပြီး ပြည့်စုံမှန်ကန်မှသာဝယ်ယူကြရန် စသည့်အကြောင်းအရာများ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားရမည့်နည်းလမ်းများနှင့် တိုင်ကြားမှုများအပေါ် ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)