ပြည်နယ်ဦးစီးမှူးသည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂-၄-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကိုဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဖွဲ့စည်းမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကိုလည်း အထက်ဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်းဆွေးနွေးခဲ့သည်။

     ထို့နောက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးက အသင်းဖွဲ့စည်းမှုအခြေအနေများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)