Terminal (202) စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

      ထိုသို့ ဆောင်ရွက်လျက်ရှိရာ (၂.၄.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်အတွင်း မင်္ဂလာဒုံမြို့နယ် အမှတ်(၁၇၁)၊ မြေတိုင်းရပ်ကွက်(၁)၊ အမှတ်(၃)လမ်းမ ကြီးရှိ Terminal (202)စက်သုံးဆီအရောင်းဆိုင်သို့ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံကာ PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး အတိုင်း ရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ LED Board မှာ တင်ထားသည့်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပြီး စက်သုံးဆီဈေးနှုန်းများမှာ Octane 92 တစ်လီတာလျှင် ၂၇၉၅ ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၁၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂၄၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်ဆီတစ်လီတာလျှင် ၂၄၄၅ ကျပ်ရှိကြောင်း သိရှိရပြီး စက်သုံးဆီပြတ်လပ်မှုရှိပါကလည်း အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန် ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)