ဘိုကလေးမြို့၊ (၈)လမ်းရှိ အလယ်ပိုင်းမူလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ဘိုကလေးမြို့၊ (၈)လမ်းရှိ အလယ်ပိုင်းမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်ပစ္စည်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်စည်များကိုလည်း ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဘေးအန္တရာယ်မရှိသော ကုန်စည်များကိုနှိုင်းယဉ်ဖော်ပြခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများကို အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၀)ဦး၊ စုစုပေါင်း(၃၄)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)