ပြည်ဈေးကွက်အတွင်းရှိ Hass ထောပတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

    Hass ထောပတ်သီးအရွယ်အစားမှာ အလွန်ဆုံး (၂၀၀-၃၀၀)ဂရမ်ကြားထိပဲရှိပါသည်။ အလုံးသေးအမျိုးအစားဖြစ်ပါသည်။ အသီးအရောင်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီး အခွံမှ အဖုလေးများပါရှိပါသည်။ မှည့်သည့်အခါ၌ အခွံအရောင်မှာ ခရမ်းမဲရောင်ရင့်ရင့်ဖြစ်သွားပြီး အတွင်းပိုင်းအသားမှာ နူးညံ့ပါသည်။ စားသုံးဖို့ဆိုလျှင် အသီးအတွင်းပိုင်းရှိ အသားအလယ်ပိုင်းမှာ အစိမ်းနု ရောင်လေးအဖြစ်ပြောင်းလျှင် စားသုံးနိုင်ပါသည်။

    Hass ထောပတ်သီးကို စီးပွားဖြစ်ရောင်းချရာတွင် ၎င်း၏အရသာ၊ အထားခံနိုင်မှု၊ နေရာပေါ်မူတည်၍ အထွက်နှုန်းမြင့်မားမှုများကြောင့် အတော်နံမည်ကြီးသည့် မျိုးလည်းဖြစ်ပါသည်။ထောပတ်သီးတို့၏ ဘုရင်ဟုတောင်တင်စားရလောက်သည့် Hass ထောပတ်သီးသည် သူ့ချည်းပဲစား၍သော်လည်းကောင်း၊ အခြားအသီးအရွက်များနှင့်ရော၍ အသုပ်အဖြစ်လုပ်စား၍ သော်လည်းကောင်း၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်သည့်အတွက် ဝိတ်ချနေသူများ၊ ကိုယ်အလေးချိန်ထိန်းချင်သူများအတွက် စားသုံးရန်သင့်လျော်ပါသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် (1Kg)လျှင် (၈၀၀၀)ကျပ်ဖြင့် (၅)လုံး(၆)လုံးပါဝင်ပါသည်။ (5Kg)လျှင် (၇၅၀၀)ကျပ်ဖြင့် online ပေါ်တွင်ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)