ပြည်ဒေသထွက် ကျောက်ဖရုံသီးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များသည် ကျောက်ဖရုံသီးကို စီးပွားဖြစ်စိုက်ပျိုးရသောဒေသများဖြစ်သောကြောင့် ကျောက်ဖရုံးသီးအများအပြားထွက်ရှိသော ဒေသလည်းဖြစ်ပါသည်။ ထွက်ရှိလာသောကျောက်ဖရုံသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကျောက်ဖရုံသီးကို ဒေသတွင်းရောင်းချသည့်အပြင် ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် အလုံး (၂၀)လုံးမှ (၂၅)လုံးဝင် ကျောက်ဖရုံသီးအိတ်များဖြင့် တင်ပို့လျက်ရှိပါသည်။ ကျောက်ဖရုံသီးမှာ ဇွန်လလောက်ကတည်းက ထွက်ပေါ်နေပြီဖြစ်သောကြောင့် ယခုအချိန်၌ ဈေးကွက်အတွင်း ရှားပါးနေကြောင်းသိရပါသည်။ တစ်ပင်လျှင် အလုံး (၅၀)လုံးမှ (၇၀)လုံးလောက်အထိခူးဆွတ်ရကြောင်းလည်းသိရပါသည်။ ပြည်ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးတစ်လုံးလျှင် အကြီး (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိဈေးရှိကြောင်းသိရပါသည်။ အနုသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)