ဖျာပုံခရိုင်တွင် ပေါ်ဆန်းမွှေး၊ ဧည့်မထဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ ကျေးရွာများသည်လည်း ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်ကာ အခြားဆန်လိုတိုင်းဒေသ များသို့ တင်ပို့ရောင်းချလျက်ရှိပြီး အများဆုံးတင်ပို့လျက်ရှိသော ဆန်အမျိုးအစားမှာ ပေါ်ဆန်းမွှေး၊ ဧည့်မထဆန်နှင့် ဆန်ကွဲတို့ဖြစ်ကြပါသည်။ယခင်လ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖျာပုံမြို့နယ်မှ အခြားဆန်လိုတိုင်းဒေသများသို့ ဆန်တင်ပို့မှုမှာ ပေါ်ဆန်းမွှေးဆန် (၄၀၀၀) အိတ်၊ ဧည့်မထဆန် (၈၄၇၀)အိတ်နှင့် ဆန်ကွဲ(၃၉၉၉)အိတ် တင်ပို့ခဲ့ပါသည်။ ယခုလ ဒီဇင်ဘာလ ပထမပတ်တွင် ပေါ်ဆန်းမွှေးဆန် (၃၂၅၀) အိတ်၊ဧည့်မထဆန် (၈၃၄၀) အိတ်နှင့် ဆန်ကွဲ (၃၅၂၅) အိတ် တို့ကို ဈေးကွက် ဝယ်လိုအား အခြေအနေအရ စဉ်ဆက်မပြတ် တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)