မကွေးမြို့နယ်၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချနေသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများမှာ စိုက်ပျိုးရာသီချိန်မဟုတ်တော့သဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မကွေးမြို့နယ်အတွင်းရောင်းချနေသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို(၁၅:၁၅:၁၅)(50)Kg တစ်အိတ်လျှင် ကျပ်(၁၅၄၀၀၀)၊ MC (၁၅:၁၅:၁၅)(50) Kg တစ်အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ တက်တိုး (၁၅:၇:၈) (50) Kg တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရွှေပုလဲ(မြင်းကျား)(50)Kg တစ်အိတ်လျှင် ကျပ်(၆၀၀၀၀)၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပရိုမက်တင်(500CC)တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဆလက်ပက်စ် (500CC) တစ်ဘူးလျှင် ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500CC)တစ်ဘူးလျှင်  ကျပ်(၂၄၅၀၀)နှင့် ဖို(စ်)တင်း EC(500CC)တစ်ဘူးလျှင် ကျပ်(၁၇၅၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)