မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မြို့ကြီးများ၏စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)နှင့်(ဒုတိယပတ်) စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်ရိုးရိုး)၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၆၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၂၆၀)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၁၅)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၁၅)၊ ဓါတ်ဆီ(92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၁၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၁၀)၊ ဓါတ်ဆီ(95) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၂၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၂၆၂၀)တို့ဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသော်လည်း ရန်ကုန်မှဆီခွဲဝေရရှိမှုနည်းပါးသည့်အတွက် ဆီဆိုင်များတွင် ကား၊ ဆိုင်ကယ်များ ယခင်ကထက်ပို၍ဝယ်ယူမှုများကြောင်း သိရှိရပါသည်။

DOCA(မကွေး)